သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူထုဟောပြောနည်းသင်တန်း (PUBLIC SPEAKING) ဖွင့်လှစ်

ရန်ကုန် ဇွန် ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) မှ ကြီးမှူးဖွင့်လှစ်သာ လူထုဟောပြောနည်းသင်တန်း (PUBLIC SPEAKING) ဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက လူထုဟောပြောနည်းသင်တန်း (PUBLIC SPEAKING) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့် သင်တန်းမှသင်ကြားပို့ချသည်များကို လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေး ကြိုးစားသင်ယူသွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများဘာသာရပ်နှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရာ အချက်အလက်ဘာသာရပ်ကို ကျောက်တန်းမြို့နယ် ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှလည်းကောင်း၊ ဟောပြောမည့်အကြောင်းအရာရွေးချယ်ခြင်း ဘာသာရပ်ကို သုံးခွမြို့နယ် ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးတို့မှသင်ကြားပို့ချလျက်ရှိသည်။

အဆိုပါ သင်တန်းသို့ခရိုင်အတွင်းရှိ ခရိုင်ရုံး၊ မြို့နယ်ရုံးနှင့် မြို့ရုံးတို့မှ သင်တန်းသား သင်တန်းသူ (၁၇) ဦးတို့အား ဇွန်လ (၁၈) ရက်မှ (၂၀) ရက်နေ့ထိ နည်းပြဆရာများကစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)