မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ (MCCT) အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးသင်တန်းပေးခြင်းအခမ်းအနား ကျင်းပ

မိုင်းယန်း ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ (MCCT) အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးသင်တန်းပေးခြင်းအခမ်းအနားကို ဇွန် ၁၈ ရက် နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က (MCCT) ထောက်ပံပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းရုံးမှ အငယ်တန်းစာရေး ဒေါ်ဇင်မာမြင့်က (MCCT) ထောက်ပံပေးရခြင်းအကြောင်း ရှင်းလင်းဆွေးနွေးပို့ချပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထင်ကျော်က အာဟာရဆိုင်ရာ အသိပညာပေး သင်တန်းဆွေးနွေးပို့ချသည်။

ထို့နောက် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံ ဘဏ်မန်နေဂျာ ဦးထက်သူအောင် (MCCT) အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး