မှော်ဘီ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ လူငယ်များဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိဦးစန်းဝင်းက မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ ရောက်ရှိလာပုံ၊ နိုင်တော်အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်၍ ကာကွယ်ထိန်းချုပ်ထားမှု မူးယစ်ဆေးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအကြောင်း၊ လူငယ်တွေအကြားမှာ မူးယစ်ဆေးဝါးများပြန့်နှံ့မှု အန္တရာယ်များ၊ လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေး ဝါးများကိုသုံးစွဲပါက ဖြစ်ပေါ်လာနိုင်သောကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ၊ လူမှုရေးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုရောင်းဝယ်မှု၏ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို လူငယ်များလမ်းမှားမရောက်ရအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အသိပညာပေးဟော ပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောမှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးစစ်သား၊ ကလေးအလုပ်သမားပပြောက်ရေး နံရံကပ်စာစောများနှင့် စာအုပ်စာစောင်များခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်း သူလေးများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်