ပုဇွန်တောင် ဇွန် ၁၈
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ် (၁၀) ရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ ဖြန့်ဝေရာ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦးစည်သူကြည်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးစိုးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့်အဖွဲ့ဝင်များမှ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသူ/ကျောင်းသားလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ အခမဲ့ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ယင်း သတင်းစကားလက်ကမ်းစာစောင်၌ အဆိုးကျော့စက်ဝန်း အဆုံးသတ်စို့ အုပ်စုဖွဲ့ မှုခင်း တိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မီးရှို့ဖျက်ဆီး၊ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ မင်းသန်း နိုင်(မုဒုံ) ရေးသားသည့် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် ကဗျာ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးသည့် မှတ်တမ်းပုံများ၊ သူရမိုး၏ ကာတွန်း စသည်ဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အန္တရာယ်များ၊ ဆိုးကျိုးများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများ သိရှိစေရန် ဖော်ပြထားကြောင်း သိရသည်။
ဟန်စုယဉ်