ကမာရွတ်၊ ဇန်နဝါရီ ၂၁
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်သံသယလူနာ စောင့်ကြည့်ကုသရေး လူနာဆောင်များနှင့် ကိုဗစ်လူနာကုသရေး လူနာ ဆောင်များတွင် ကျန်းမာရေးဝန်ထမ်းများနှင်အတူ ကူညီ တာဝန်ထမ်းဆောင်ကြမည့် တနင်္သာရီ တိုင်းဒေသကြီး မြို့နယ် အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၈)ဦးတို့သည် ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။
အဆိုပါ ကြက်ခြေနီစေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာ တင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် အဖွဲ့အစည်း ဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်တို့က ကြိုဆိုခဲ့ကြပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ပေးကြခဲ့ကြောင်းသိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်သံသယလူနာစောင့်ကြည့်ကုသရေးလူနာဆောင်များနှင့် ကိုဗစ်လူနာ ကုသရေး လူနာ ဆောင်များတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင် ပဲခူးတိုင်း ဒေသကြီးတို့မှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် လာရောက်ကူညီခဲ့ကြပြီး ယခုရောက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး မြို့နယ် အသီးသီးမှ ကြက်ခြေနီစေတနာ လုပ်အားရှင်(၂၈)ဦး တို့သည်လည်း တစ်လကြာမျှ ကူညီတာဝန်ထမ်းဆောင် ကြမည် ဖြစ်ကြောင်း သိရှိရသည်။
စိမ်းလဲ့(ပြန်/ဆက်)