မိုင်းယောင်း ဇွန် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် ဝန်ထမ်းများက ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UIDကတ်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အ.လ.က-ခွဲ(ဟိုရမ်း)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ လမင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ကျောင်းသူ ၅၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို နေ့ချင်းပြီး လက်ဝယ်အရောက်ထုတ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း