မှော်ဘီ ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ တပ်ဆင်ကြရန် အဝါရောင် စည်းရုံး လှုံ့ဆော်ရေး YELLOW CAMPAIGN HMAWBI အစီအစဉ် ကို ယမန်နေ့ နံနက်က ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စည်းရုံးလှုံ့ဆော်ရေးပွဲသို့ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မှ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြို့မလူမှု ကူညီရေး အသင်းတို့သည် မှော်ဘီမြို့နယ် မြို့မစျေးကြီး၏ စျေးအတွင်း၊ အပြင်ရှိ စျေးရောင်း၊ စျေးဝယ်ပြည်သူများသို့ လှည့်လည်ကာ လူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ကြရေးနှင့် လှုံ့ဆော်ရေး ပိုစတာများ၊နံရံကပ် စာစောင်များ အခမဲ့ဝေငှခဲ့ ကြောင်း သိရသည်။
ထို့အပြင် ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူ များအပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင် သွားလာကြရန် မြို့နယ် အဆင့် ဌာနဆိုင်ရာများ စေတနာရှင် အလှူရှင်များ က အလျဉ်းသင့်သလို နှာခေါင်းစည်း (Mask) များ အားပြည်သူများထံသို့ အခမဲ့ ပေးဝေလျက်ရှိကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)