တာချီလိတ် ဇွန် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်) ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်) မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲသူရသန့်ဇော်၊ ဒုတိယရဲအုပ် သင်းသင်းလှိုင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ဆိုင်ကယ်မောင်းနှင်ပါက ဆိုင်ကယ်စီးဦးထုပ်များဆောင်း၍ နှစ်ဦးထက်ပိုမစီးရန်၊ ဆူညံအိတ်ဇောတပ်ဆင် မောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း မပြုရန်နှင့် တာချီလိတ်မြို့၌ ဖြစ်ပွားခဲ့သည့် ယာဥ်တိုက်မှုဖြစ်စဉ် CCTV မှတ်တမ်းမျာအား Power Point ဖြင့် အသိပညာပေး ပြသသည်။
ထို့နောက် အမှတ် (၁၂၁)ယ ာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိနေသည့် အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင်လည်း အသိပညာပေးဟောပြောပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း