မိုင်းတုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

 မိုင်းတုံ ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မူလွန်ပုံအပ်စာသင်ကျောင်းရှိ ဆရာ/ဆရာမများနားနေဆောင်၌ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ပူး‌ပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က လူငယ်များ စာတတ်မြောက်ရေးဝိုင်းဝန်းကူညီ‌ပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း ဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌ဇေယျာသန်းဝင်းက လူငယ်နှင့် အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊‌ ဦးကျော်ဇင်လတ်က ဗလငါးတန်အကြောင်းကိုလည်းကာင်း၊ မူလွန်ပုံအပ်စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝဏကျော်က ထူးချွန်ထက်မြက်သော ကျောင်းသားကောင်းများ ပေါ်ထွန်းလာစေလိုခေါင်းစဉ်ဖြင့် အသီးသီးဟောပြောပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများ ပြသပေးခြင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ဒေါ်သဲစုနန္ဒာကျော်က သွေးပူလေ့ကျင့်ခန်း အမှတ်စဉ် (၁-၂-၃) အကဖြင့် ကျောင်းသား ကျောင်းသူများနှင့်အတူ‌ လေ့ကျင့်ခန်းပြုလုပ်ရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)