ကျောက်တလုံးကြီး ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း ကျောက်တလုံးကြီးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်သည်။
ပြိုင်ပွဲ၌ အခြေခံပညာအထက်တန်းကျောင်း ကျောက်တလုံးကြီးတွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူများက မူးယစ်အန္တရာယ် တို့ကာကွယ်ခေါင်းစဉ်ဖြင့်စာစီစာကုံးပြိုင်ပွဲကိုလည်းကောင်း၊ မူးယစ်အန္တရာယ် တို့ရန်စွယ်ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲကိုလည်းကောင်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများသို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။
စာစီစာကုံးပြိုင်ပွဲသို့ ကျောင်းသား/သူ ၁၀ ဦး၊ ကဗျာပြိုင်ပွဲသို့ ကျောင်းသား/သူ ၁၉ ဦး၊ ပန်းချီပြိုင်ပွဲသို့ ကျောင်းသား/သူ ၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းနှင့် အ.ထ.က ကျောက်တလုံးကြီးအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် ဟောပြောပွဲ၊ ပြိုင်ပွဲများ အသိပညာပေးလုပ်ငန်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း