မိုင်းနောင်မြို့ ဝမ်စိမ်းအခြေခံပညာအထက်တန်းကျောင်းတွင် ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မိုင်းနောင် ဇွန် ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့ ဝမ်စိမ်းအခြေခံပညာအထက်တန်းကျောင်းတွင် ရက် (၁၀၀) လမင်းစီမံချက် အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လိုအပ်သည့်အချက်အလက်များ အဆင်ပြေပြေရရှိရေးအတွက် သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့်ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုင်းသာမိုင်းခမ်းထံမှ သိရှိရသည်။

အဆိုပါဆောင်ရွက်မှုတွင် ဝမ်စိမ်းအခြေခံပညာအထက်တန်းကျောင်းမှ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသော ကျောင်းသား (၆) ဦး၊ ကျောင်းသူ (၂၁) ဦး စုစုပေါင်း (၂၇) ဦးအား ပြုလုပ်ပေးကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)