ကျောက်တန်း ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ပျဉ်းမကန်ကျေးရွာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နေမှု နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ တာဝန်ရှိသူများသည် ကျေးရွာများတွင် နွေရာသီရေဖူလုံစေရန်နှင့် ရေကောင်းရေသန့်ရရှိစေရန် အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ရန်လျာထားသော ကျေးရွာများအနက် ပျဉ်းမကန်ကျေးရွာ ရေကန် အနက်နှိုက်ခြင်း (၁၂၀’x ၁၄၀’x ၃’ ) ပေ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများအဖွဲ့သည် မြစိမ်းရောင်အတိုးရငွေ (၅၀) ရာခိုင်နှုန်းဖြင့် ကျေးရွာ တွင်း ကွန်ကရစ်လမ်း (၇၀၀’x ၈’x ၆’ ) ထု ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။ ထို့နောက် ကျေးရွာရပ်မိ/ရပ်ဖများ ၊မြစိမ်းရောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ သတ်မှတ်အရည်အသွေးပြည့်မီရေးနှင့် လိုအပ်သည်များအား ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေး မှာကြားပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)