မိုင်းဆတ်မြို့၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲ ကျင်းပ

မိုင်းဆတ် ဇွန် ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အကြောင်းအမျိုးအမျိုးကြောင့် ကျောင်းပညာရေးနှင့် ဝေးကွာခဲ့သည့် ကျောင်းသား ကျောင်းသူများအား ၎င်းတို့၏ အသက်ရွယ်အလိုက် အတန်းနေရာပြန်လည်ချထားပေးနိုင်ရေး Placement Test (အထူးအစီအစဉ်) စာမေးပွဲဆန်းစစ်ခြင်းကို  အခြေခံပညာအထက်တန်းကျောင်း (မိုင်းဆတ်) တွင်  ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါအတန်းနေရာပြန်လည်ချထားပေးနိုင်ရေး Placement Test (အထူးအစီအစဉ်) စာမေးပွဲသို့ မိုင်းဆတ်မြို့နယ်အတွင်းမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးနှင့်ဝေးကွာခဲ့သည့် ကျောင်းသား ကျောင်းသူ Grade 2 (၆) ဦး၊  Grade 3 (၁) ဦး၊ Grade 5 (၃) ဦး၊ Grade 6 (၁) ဦးနှင့် Grade 8 (၄) ဦး စုစုပေါင်း (၁၅) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာမေးပွဲကို ဇွန် ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)