ကျေးသီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်

ကျေးသီး ဇွန် ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင်များကို ယမန်နေ့နံနက် (၁၀နာရီအချိန်က အခမဲ့သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဝန်ထမ်းများနှင့် မိသားစုဝင်များ အားလပ်ချိန်များတွင် စိတ်အပန်းဖြေနိုင်စေရန် စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုခြင်းဖြင့် ပြင်ပအသိပညာဗဟုသုတများရရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးလျက်ရှိရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျေးသီး(ပြန်/ဆက်)