ပင်လောင်းမြိုနယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပင်လောင်း ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၉  နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ချင်းတွင်းခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်မောင်က သစ်တောထိန်းသိမ်းရေးဆိုင်ရာအကြောင်းများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးစိုးမိုးနိုင်က မိုးရာသီသစ်ပင် စိုက်ပျိုးရေးဆိုင်ရာအကြောင်းများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးထင်အောင်ကျော်က ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အကြောင်းများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးစိုင်းမျိုးကျော်လင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းများကိုလည်းကောင်း အသီးသီးဟောပြောကြသည်။

သစ်တောထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၃၀၆) ဦး တက်ရောက်ကြကြောင်း၊ အဆိုပါ သစ်တောထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်သစ်တောဦးစီးဌာနက အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြိုနယ်ပြန်/ဆက်