ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ပြည်နယ်အဆင့် စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ ညှိနှိုင်း

စစ်တွေ    ဇွန်   ၁၇

ရခိုင်ပြည်နယ်အဆင့် စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းသည်။

အစည်းအဝေးတွင် ပြည်နယ်အဆင့်စားရေရိက္ခာဖူလုံရေးနှင့်စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ပြည်နယ် အဆင့်စားရေရိက္ခာဖူလုံရေးနှင့်စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များ အနေဖြင့် မိမိတို့ကော်မတီအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရန် ပြောကြားသည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သားငါးကဏ္ဍ၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးနေမှု၊ ဒေသတွင်း စားသုံးဆီဖူလုံရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဒေသအလိုက်အရန်ရိက္ခာ စုဆောင်းမှုနှင့် အရေးပေါ်ကာလ ဖြန့်ဖြူးမှုအစီအမံများ၊ စစ်တွေမြို့ပေါ်ရပ်ကွက်များ နွေရာသီတွင် ရေပြတ်လပ်မှုမရှိစေရေးကြိုတင် စီမံဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအတွက် လိုအပ်သည့် ရေလုံလောက်စွာရရှိရေးစီမံဆောင်ရွက်မှု၊ ဒေသအခြေအနေနှင့်ကိုက်ညီသော စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများ၊ မြို့ပြနှင့်ကျေးလက်ဒေဖွံ့ဖြိုးရေး ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)၌ မိုးရာသီ အခြေခံပညာကျောင်းပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲ၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်တွင် မျိုးဆက်သစ်ကစားသမားများ ခါးဆက်မပြတ်စေရေး အထောက်အကူပြုစေရန်၊ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်သော လူငယ်၊ လူရွယ်များ ဖြစ်ပေါ်လာစေရန်၊ လူငယ်၊ လူရွယ်များ ပူးပေါင်းဆောင်ရွက်တတ်ပြီး တစ်ဦးနှင့်တစ်ဦးချစ်ကြည်ပူးပေါင်းမှုရရှိစေရန် ရည်ရွယ်ပြီး ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းသားလူငယ်များ  ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်နှစ်ပတ်လုံး နွေ၊ မိုး၊ ဆောင်း အားကစားပြိုင်ပွဲများကို ရာသီအလိုက် စဉ်ဆက်မပြတ်ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ယခုပြိုင်ပွဲများတွင် ပြည်နယ်အစိုးရအဖွဲ့မှ ပြိုင်ပွဲဝင်ကစားသမားများ၊ အုပ်ချုပ်/နည်းပြများအတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးထားကြောင်း၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများကလည်း အရည်အသွေး ပြည့်မီသော ပြိုင်ပွဲဖြစ်စေရန် အရည်အချင်းရှိသည့် ကစားသမားများအား ရွေးချယ်လေ့ကျင့်ပြီး ပြိုင်ပွဲဝင်ရောက်ပေးကြရန်နှင့် ပြိုင်ပွဲကာလအတွင်း မလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ၂၀၂၅ ခုနှစ်၊ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့မှုနှင့် ၂၀၂၆ ခုနှစ် အားကစားပြိုင်ပွဲများ ကျင်းပမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။

တင်ထွန်း (ပြန်/ဆက်)ဓာတ်ပုံ- ဝင်းမင်းစိုး