လှိုင်သာယာ (အနောက်) ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးအရာရှိ ဦးဆန်းဦး ကြီးကြပ်မှုဖြင့် ကျောင်းသား/ ကျောင်းသူများအား နိုင်သားစိစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အ.ထ.က(၃) ကျောင်းတွင် ပြုလုပ်ပေးသည်။
ယင်းသို့ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရုံး လဝကမှူး ဦးချစ်စိန် ဦးဆောင်၍ လဝကဝန်ထမ်းများက အသက် (၁၀) နှစ်ပြည့် နိုင်-၃ (က) နှင့် အသက် (၁၈) နှစ်ပြည့် နိုင်-၆ (က) နှင့် UID ကတ်ပြားများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)