ကျိုင်းတုံ ဇွန် ၁၇
(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲကို ယနေ့က မိုင်းလန်းကျေးရွာအုပ်စုရှိ အသင်းသားများ၏ စိုက်ကွင်းတွင် ကျင်းပသည်။
ထိုသို့ ပေးအပ်ရာတွင် ကျိုင်းတုံမြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေနှင်းအေးနှင့် တာဝန်ရှိသူများက တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် စနစ်ကျသော စိုက်ပျိုးရေးစနစ်ဖြစ်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အတွင်း မိုင်းလန်းကျေးရွာအုပ်စုရှိ ပုလဲရတနာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားများအတွက် မြို့နယ်သမဝါယမအသင်းစုမှ စိုက်ဧက ၁၇၆ ဧကအတွက် သွင်းအားစု ငွေကျပ် သိန်း ၄၄၀ နှင့် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းမှ စိုက်ဧက ၆၅ ဧကအတွက် ငွေကျပ်သိန်း ၁၈၇ ဒဿမ ၂၊ စုစုပေါင်း ဧက ၂၄၁ ဧကအတွက် ငွေကျပ်သိန်း ၆၂၇ ဒဿမ ၂ သိန်းနှင့် ညီမျှသောသွင်းအားစုများကို အသင်းသားများ၏ စိုက်ကွင်းများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)