တာမွေ ဇွန် ၁၇
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ဇွန် ၁၆ ရက် ညနေပိုင်းက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရှင်ဆေကိန္ဒ တရားပွဲကျင်းပသည်။
တရားပွဲတွင် ရန်ကင်းပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စတုတ္ထနှစ် ဒုတိယနှစ်ဝက်မှ မသိမ့်သိမ့်သူက ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တအရှင်ဆေကိန္ဒထံမှ တရားတောင်းလျှောက်ထားသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရှင်ဆေကိန္ဒမှ ငါးပါးသီလနှင့် တရားတော်များချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူလေးများက ဗုဒ္ဓ၏အဆုံးအမများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရှင်ဆေကိန္ဒမှ ပြန်လည်ချီးမြှင့်ဖြေကြားသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ဆေးခန်းအတွက် အလှူရှင်များက အလှူငွေများကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တအရှင်ဆေကိန္ဒအား ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ ကသာပညာရေးဒီဂရီကောလိပ်၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းအုပ်ကြီးများက နဝကမ္မ အလှူငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ တရားပွဲအခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။
အဆိုပါတရားပွဲသို့ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ အလှူရှင်များ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် ဗုဒ္ဓ၏အဆုံးအမများကို အသေးစိတ်သိရှိပြီး တရားဓမ္မကျင့်စဉ်များနှင့်အညီ နေ့စဉ် လူနေမှုဘဝတွင် လိုက်နာကျင့်ကြံနေထိုင်တတ်စေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားကိုးအားထားပြုရပြီး ထူးချွန်ထက်မြက်သည့် လူကောင်းလူမွန်များ ဖြစ်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တိမ်ယံ(ပြန်/ဆက်)