ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

တောင်ကြီး ဇွန် ၁၇

ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၁၆) ရက်နေ့နံနက်ပိုင်းက နယ်စပ်‌ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ကျင်းပသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် နယ်စပ်ဒေသရှိ မိမိတို့တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်‌ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေများ၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့်လည်း ဒေသဖွံ့ဖြိုး‌ ရေးလုပ်ငန်းများအားအကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်‌ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့်လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်သွေးပြည့်မှီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် နယ်မြေအလိုက် တာဝန်ခံများမှ အလေးနက်ထားဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။ ထို့နောက် နယ်စပ်‌ ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြပ်မတ် ဆောင်ရွက်ရမည့်အချက်များနှင့်စပ်လျည်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)