သုံးခွ၌ မိုးစပါးတိုက်ရိုက် မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်းသရုပ်ပြ၊  မျိုးစေ့နှင့် ပဲတီစိမ်း (GAP) ပေးအပ် 

သုံးခွ ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် မိုးစပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း သဘာဝမြေသြဇာပေးအပ်ခြင်း၊ မျိုးစပါးထောက်ပံ့ပေးအပ်ခြင်း၊ ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့ခြင်းနှင့် ပဲတီစိမ်း(GAP) ပေးအပ်ခြင်းအခမ်းအနားကို သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအုပ်စုရှိ၊ ကွင်းအမှတ် ၈၄၆ A၊ ဦးပိုင်အမှတ်(၇/၂)၊ရှိ ဦးမောင်မြင့်၏ တောင်သူပညာပေးရှင်းလင်းဆောင်တွင် ဇွန် ၁၇ ရက် နံနက် ၈ နာရီက ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က  အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးနှင့်တာဝန်ရှိသူများက တောင်သူများအား သဘာဝမြေသြဇာများ၊ မျိုးစပါးများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ပဲတီစိမ်း(GAP)လက်မှတ်များအား ပေးအပ်ခဲ့ကြပြီး   မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

​စည်သူလင်း (ပြန်/ဆက်)