တောင်ကြီး ဇွန် ၁၇
ပြည်သူများ၏လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် စည်ပင်သာယာရေးဌာမှ တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၁၆) ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနနှင့် Great Hawkham Co.,Ltd မှ ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော အေးသာယာမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ အေးငြိမ်းသီတာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်သွေးပြည့်မှီစွာဖြင့် အချိန်မှီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေညောင်မြို့ရှိ ကုန်းလှိုင်ကန် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးက ကန်သန့်ရှင်းသာယာလှပရေးအား တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)