မြောက်ဥက္ကလာပ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများရှိ မူလတန်းအရွယ်ကျောင်းသား၊ ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရေး၊ မျက်စိကျန်းမာရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများက ယနေ့ နံနက်ပိုင်းက အမှတ်(၄၄) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၂၄) အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား သွားတစ်ချောင်း နှင့် သွားဖုံးသား ဖွဲ့စည်းတည်ဆောက်ထားပုံ သွားနှင့် ခံတွင်းကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သွားပိုးစားရောဂါဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲဖြစ်စဥ်များ စစ်မှန်သော သွားတိုက်နည်းများ၊ မျက်စိကျန်းမာရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများကို ဆောင်ရွက်ကြောင်းသိရသည်။
သက်လွင်စိုး (ပြန်/ဆက်)