ရန်ကုန် ဇွန် ၁၆
၂၀၂၆ ခုနှစ် မိုးစပါးစိုက်ဧကများ ပြည့်မီရေး စပါးပန်းတိုင်အထွက်နှုန်းများရရှိအောင် ကြိုးပမ်းကြရေး Drum Seeder စနစ် ကွင်းသရုပ်ပြ စိုက်ပျိုးပွဲနှင့် သဘာဝမြေဩဇာ၊ ဟင်းသီဟင်းရွက် မျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာအုပ်စု၊ ကျိုက်စကိုင်းကျေးရွာ၊ တောင်သူ ဦးစိုးဝင်းမောင်၏ လယ်မြေတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တိုက်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က တိုက်ကြီးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က မိုးစပါးစိုက်ပျိုးမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်တို့က တောင်သူများအား မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် သဘာဝမြေဩဇာနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က တောင်သူ ဦးစိုးဝင်းမောင်၏ လယ်မြေတွင် Drum Seeder စနစ် ကွင်းသရုပ်ပြ စိုက်ပျိုးနေမှု၊ ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုနှင့် ပြသထားသည့် စပါးမျိုးစေ့နမူနာများ၊ ဓာတ်မြေဩဇာများ၊ အနိမ့်တင်ဆိုလာများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများနှင့် စပါးခွံမီးသွေး (ဘိုင်အိုချာ) ပြုလုပ်နေမှုစသည်တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)