မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

မိုင်းပန်    ဇန်နဝါရီ     ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက  ဝန်ထမ်း (၃၆)ဦး အား သတ္တမအကြိမ်မြောက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အခြားဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့မှပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပန်ကြားချက်များအား ပြည်သူများကို အချိန်နှင့် တစ်ပြေးညီ နှိုးဆော်သြပေးခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်နိုင်ရေးအတွက် Campaign များ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်ဖြင့် အခြေခံလူတန်းစားများအတွက် စားနပ်ရိက္ခာနှင့်ငွေကြေး ထောက်ပံ့ပေးရာတွင် ပါဝင်ဆောင်ရွက်ပေးခြင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးများအတွက် စာရင်း ကောက်ခံပေးခြင်း၊ အသက် ၈၀နှင့် ၈၅ နှစ်အထက် အဘိုးအဘွားနှင့် မသန်စွမ်းသူများအတွက် ငွေကြေးထောက်ပံ့ရန် အိမ်တိုင်ရာရောက် စာရင်းများကောက်ယူ ပေးခြင်း ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ သည့်အပြင် မကြာမီကာလအတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်သောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့မှ ဝန်ထမ်း(၃၆)ဦးအတွက် (၁)ဦးလျှင် ဆန်(၄)ပြည်၊ ကြက်ဥ(၁၀)လုံး နှင့် ရုံးနောက်ဖေး (Office Garden) ရှိစိုက်ပျိုး ထားရှိသော ဟင်းသီးဟင်းရွက်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်(ပြန်/ဆက်)