ကိုရီးယားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. BAE Byeongsoo နှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂါဝရပြုတွေ့ဆုံ

ရန်ကုန် ဇွန် ၁၆

ကိုရီးယားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. BAE Byeongsoo နှင့် အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ဂါဝရပြုတွေ့ဆုံခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ကိုရီးယားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. BAE Byeongsoo နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တစ်ဦးချင်း မိတ်ဆက်ပေးသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)