ကွမ်းခြံကုန်း ဇွန်လ ၁၆
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က တောင်ဘက်ပိုင်းရပ်ကွက်၊ အ.မ.က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ရီချို(စာထောက်-၃) က စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းအရာများအား လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ၊ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာအခွင့်အရေးဆိုင်ရာအကြောင်းအရာများအား လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ လက်ထောက်ဆေးခန်းမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာစသည်တို့ကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသူ/ သားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)