တံတား ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Vaccine) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီက စတင်ထိုးနှံခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် တံတားမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစည်သူထွန်း၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသော ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer Vaccine) ကို မြို့အတွင်းရှိ ပြည်သူ(၁၆၂) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)