မူဆယ် ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာ လူငယ်ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ပန်ခမ်းကျေးရွာအတွင်းမှ မြေငှားဂရန်လာရောက်လျှောက်ထားသူများ၏ အိမ်နေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ယင်းနောက် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အမှာစကားပြောကြားပေးခဲ့သည်။ ဆက်လက်၍ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာမြေငှားဂရန်များကို မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ရာ ကာယကံရှင်များက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် ပန်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်