မိုင်းတုံ ဇွန် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရှိ အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ် ယနေ့ နံနက်ပိုင်းက ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိမ်းစံပယ်လှိုင်ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် မိုင်းတုံခရိုင်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိမ်းစံပယ်လှိုင်မှ ကျွန်မကတော့ ယခုမှအသစ်ရောက်တာဖြစ်သည့်အတွက် ခရိုင်/မြို့နယ်မှာရှိတဲ့ မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့အားလုံးကိုခေါ်ယူပြီး မိတ်ဆက်ရခြင်းဖြစ်ကြောင်း၊ လှုပ်ရှားမှုလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေနေများကိုလည်းသိလိုကြောင်းနဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမူဝန်ထမ်းဦးစီးဌာနတို့ကလည်းဝိုင်းဝန်းပူးပေါင်းပေးစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို အကျယ်တဝန်းဆွေးနွေးပြီးနောက် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များမှ တစ်ဦးချင်းမိတ်ဆက်ပြီး လှုပ်ရှာမှုလုပ်ငန်းများရှိပါကအဖွဲ့ဝင်အားလုံး စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)