ညောင်ဦး ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲ စတင်ဖြေဆိုခြင်းအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိ ကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အခြေခံပညာ မူလတန်းအဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းနေအရွယ် ကလေးများအား အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာ သင်ယူနိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test ဖြေဆိုခြင်းအား ဇွန် ၁၆ ရက် နံနက် ၉ နာအချိန်တွင် ဒုတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ Placement Test (အထူးအစီအစဉ်)ကို ညောင်ဦးမြို့နှင့်ကျောက်ပန်းတောင်းမြို့တို့တွင် စာမေးပွဲကြီးကြပ်မှုကော်မတီများ ဖွဲ့စည်း၍ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြေဆိုလျက်ရှိရာ ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ ကျောင်းသား/ကျောင်းသူ ၂၄၃ ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ကျောင်းသားကျောင်းသူ ၆၆၁ ဦး ဖြေဆိုလျက်ရှိပြီး၊ ကျောက်ပန်းတောင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၈၁ ဦး၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၁၈၅ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း