သုံးခွ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ၂၀၂၆-၂၀၂၇ ခုနှစ် ပထမအကြိမ်မြောက် တင်ဒါပိုက်ချက် ၁၁၅ ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဒေသခံရေလုပ်သားများထံ ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ သန်လျင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်နွေးနွေးမြင့်သိန်းက တင်ဒါစည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်းပြောကြားရာတွင် "တင်ဒါ၀ယ်ယူမည့်သူသည် အမှန်တကယ် ရေလုပ်ငန်းလုပ်ကိုင်ကြောင်း အထောက်အထားပါရှိရမည်ဖြစ်ကြောင်း ထုတ်ပေးထားသည့် တင်ဒါလိုင်စင်နှင့် လုပ်ပိုင်ခွင့်သည် (၁) နှစ်အတွက်သာဖြစ်ပြီး ကျရောက်ဆဲ မြန်မာသက္ကရာဇ်နှစ်ကုန်အထိသာ တရား၀င်အတည်ဖြစ်ကြောင်း၊ တင်ဒါဆွဲ၀ယ်သူသည် တင်ဒါဆွဲ၀ယ်ရာတွင် ဆွဲ၀ယ်ခွင့်လက်မှတ်နှင့် နိုင်ငံသာစိစစ်ရေးကတ်ပြားကို တင်ပြသနိုင်သူကိုသာလျှင် လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
တင်ဒါပိုက်ချက်ရောင်းချရာတွင် ကျေးရွာအုပ်စု (၆၄) အုပ်စုရှိသည့် အနက် (၂၄) အုပ်စုနှင့် အမှတ် (၂) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၉) ရပ်ကွက်ရှိ ဒေသခံရေလုပ်သား (၅၀) ဦးတက်ရောက်ခဲ့ပြီး တင်ဒါပိုက်ချက် (၁၁၅) ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)