ခရမ်းမြို့ အ.မ.က (မူလွန်) စွယ်တော်ကွင်းကျောင်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ခရမ်း ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့၊ အ.လ.က(ခွဲ) ပုဂံတောင်ကျောင်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အ.မ.က(မူလွန်) စွယ်တော်ကွင်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်အေးသီတာလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ငလျင်ဘေးအန္တရာယ်နှင့် ငလျင်ကြောင့် အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမှုရမည့် အချက်များ၊ ငလျင်လှုပ်နေစဉ် ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းမဖြစ်ပေါ်မီ သတိပေးချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးများ၊ ရေကြီးခြင်း‌ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်နှင့် ကူးစက်ရောဂါများဖြစ်ပွားနိုင်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ပါသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခင်နှင်းဝေ (ပြန်/ဆက်)