မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

မန္တလေး ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် က‌ဗျာရွတ်ဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ ဆုချီးမြှင့်ခဲ့သည်။

ယင်းနောက် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)