ပင်းတယ ဇွန် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဆောင်ရွက်မည့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး စီမံကိန်းလုပ်ငန်းအတွက် လူသုံးကုန်ထုတ်မှုနည်းပညာသင်တန်း(ဒုတိယ) အကြိမ်ဆင်းပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနေဒေသဦးစီးမှူး ဒေါ်အေးအေးသန့်ကအမှာစကားပြောကြားကာ တာဝန်ရှိသူများကသင်တန်းသား၊ သင်တန်းသူများအား သင်တန်းထွက်ကုန်ကြမ်းပစ္စည်များကို ပေးအပ်သည်။ အဆိုပါသင်တန်းအား ဇွန်လ ၉ ရက်နေ့မှ ဇွန်လ၁၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)