မန္တလေး ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊သူများ အကျင့်စာရိတ္တ ကောင်းမွန်ပြီး လူတော်လူကောင်းများ ဖြစ်လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်၊လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ကျောင်းသား/သူများအား မူးယစ်ဆေးဝါး မသုံးစွဲဖို့ရန်၊ သုံးစွဲမိပါက ဖြစ်လာနိုင်သည့် ဆိုးကျိုးရောဂါအကြောင်းအရာများကို တက်ရောက်လာသည့် အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အကြောင်းအရာများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား/သူ (၁၇) ဦးအား မီးသတိပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)