မဟာအောင်မြေ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးများအား ကျောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်း စစ်ဆေးခြင်းကို မဟာအောင်မြေမြို့နယ်တွင် အ.ထ.က(၁၃)ကျောင်းတွင် ဇွန် ၁၅ ရက်မှ စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်း စစ်ဆေးမှုတွင် ဖြေဆိုရန် စာရင်း ပေးသွင်းသူ ၃၆၇ ဦးရှိပြီး Grade-1 တွင် ၁၈ ဦး၊ Grade -2 တွင် ၄၀ ဦး၊ Grade 3 တွင် ၆၄ ဦး၊ Grade-4 တွင် ၆၆ ဦး၊ Grade-5 တွင် ၆၄ ဦး၊ Grade-6 တွင် ၃၇ ဦး၊ Grade-7 တွင် ၄၁ ဦးနှင့် Grade-8 တွင် ၁၇ ဦး စုစု ပေါင်း ၃၄၇ ဦး ဝင်ရောက်ဖြေ ဆိုခဲ့ကြပြီး ပျက်ကွက်သူ ၂၀ ဦး ရှိကြောင်းနှင် Grade-1မှGrade-3 ကျောင်းသား၊သူများအား ယနေ့နောက်ဆုံးရက်အဖြစ် နှုတ်ဖြေစာမေးပွဲများဖြေဆိုခဲ့ပြီး ကျန် Grade-4 မှ Grade-5 ကျောင်းသား၊သူများအား ဇွန်လ ၁၉ ရက်အထိ၊ Grade-6 မှ Grade-8 အထိ ကျောင်းသား၊သူများအား ဇွန်လ ၂၀ ရက်အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း