လသာမြို့နယ်၌ ခရိုင်အဆင့် Placement Test အထူးအစီအစဉ်ဖြင့် မြန်မာစာဘာသာရပ် စာမေးပွဲကျင်းပ

လသာ ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (၂) တွင် ယ‌မန်နေ့နံနက်ပိုင်းအချိန်၌ ခရိုင်အဆင့် Placement Test အထူးအစီအစဉ်အဖြစ် မြန်မာစာဘာသာရပ် စာမေးပွဲကို ကျင်းပစစ်ဆေးခဲ့သည်။

အဆိုပါစာမေးပွဲအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး စာမေးပွဲခန်းများအတွင်း အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စာမေးပွဲကျင်းပရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ စာမေးပွဲလုပ်ငန်းများ အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)