တွံတေး ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး (ဒုတိယညွှန်ကြားရေးမှူး) ဒေါက်တာမျိုးဇော်လှဦးဆောင်၍ ဘုရားကြီးကျေးလက်ကျန်းမာရေးဌာန ၀န်ထမ်းများသည် ထော်သို SC အပိုင်တာ၀ကျေးရွာတွင် ကျေးရွအုပ်ချုပ်ရေးမှူး၊ စေတနာ့၀န်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ဆေးဝါးများကုသပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ (မူလွန်) ကျောင်း၌ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး (ဒုတိယညွှန်ကြားရေးမှူး) ဒေါက်တာမျိုးဇော်လှက ကျန်းမာရေးအသိပညာများ ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူးအဆင့် (၁) ဦးလှစိုးက အနာကြီးရောဂါလူနာသစ်ရှာဖွေခြင်းနှင့် အရေပြားရောဂါများ ကုသမှုပေးနေမှုအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အသက် ၂ နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက် ၁၈ နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ အနာကြီးရောဂါလူနာသစ်ရှာဖွေခြင်းနှင့် အရေပြားရောဂါများ ကုသမှုပေးခြင်း၊ အထွေထွေရောဂါများနှင့် ဆီးချို/သွေးတိုးရောဂါများအတွက် စစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်း၊ ကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ်ဆောင်ရွက်ခြင်း၊ Abate ဆေးခပ်ခြင်းနှင့် (မူလွန်) ကျောင်းတွင် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးကြောင်း သိရသည်။
မျိုးလှိုင်