ပင်းတယမြို့နယ်တွင် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပင်းတယ ဇွန် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ ပေရှိပြီး စိုက်ပျိုးရေးကိုအဓိကထားပြီး၊ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်စိုက်ပျိုးကြသည့် ဒေသတစ်ခုဖြစ်သည်။ ယခုအခါ မြေပဲစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေကြကြောင်း သိရသည်။

ပင်းတယမြို့နယ်အနေဖြင့် မြေပဲစိုက်ပျိုးရာတွင် ကဆုန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးကြပြီး ရက်ပေါင်း ၁၀၀ ကျော်တွင် နှုတ်ယူခူးဆွတ်ကြောင်း၊ ရရှိလာသည့် မြေပဲအား တောင်သူများအနေဖြင့် မိမိတို့မိသားစုအတွက် ဟင်းချက်ရာတွင် အသုံးပြုကြပြီး၊ အချို့ကျ ပွဲစားလက်ဝယ်ထံသို့ ရောင်းချခြင်းဖြစ်ကြောင်း၊ ပင်းတယမြို့နယ်တွင် ယခုလက်ရှိ မြေပဲဆီ ၁၀ ပိဿာ တစ်ပုံးတွင် ကျပ် (၂၃၀,၀၀၀)မှကျပ် (၂၄၀,၀၀ဝိ/-)အထိ ရောင်းချလျက်ရှိကြောင်းသိရသည်။

အောင်ကိုဦး (ပြန်/ဆက်)