ဘီးလင်း ဇွန် ၁၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ Placement Test (အထူးအစီအစဥ်) စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ဘီးလင်း) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ placement Test (အထူးအစီအစဥ်) စာမေးပွဲကို ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အခြေခံပညာမူလတန်းဆင့်၊ အလယ်တန်းဆင့် ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေး အထူးအစီအစဥ်အနေဖြင့် ဖြေဆိုခြင်းဖြစ်ပြီး Grade – 1 မှ Grade – 8 အထိ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသော ကျောင်းသား၊ ကျောင်းသူ ၁၇၁ ဦးအနက် ယနေ့ မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ၁၆၆ ဦး ရှိရာ ၉၇.၁% ဖြေဆိုခဲ့သည်။
အဆိုပါ placement Test (အထူးအစီအစဥ်) စာမေးပွဲ ဖြေဆိုနေမှုများကို ဘီးလင်းမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)