ကျေးသီး ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို)ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် ဆိုင်သော သိကောင်းစရာအသိပညာများကိုပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေနိုင်ထွန်းက ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော အားကစားပစ္စည်းများကို ကျောင်းအုပ်ကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ဟောပြောပွဲတွင် တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း နံရံကပ်စာစာင်ပြသကာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျေးသီး(ပြန်/ဆက်)