ချမ်းအေးသာစံ ဇွန် ၁၆
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစရျ် အကြောင်းအမျိုးမျိူးတို့ကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူလတန်းအဆင့် Grade-2 မှ Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-6မှ Grade-9 ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test (အထူးအစီအစဥ်)စာမေးပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ယနေ့ဇွန် ၁၆ ရက်နေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၄ ဒဿမ ၉၅ ရာခိုင်နှုန်း ဖြေဆိုခဲ့သည်။
အဆိုပါ Placement Test (အထူးအစီအစဥ်)စာမေးပွဲကို ဇွန် ၁၅ ရက်နေ့မှ ဇွန် ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ Grade-1 မှ Grade-8 အထိစာရင်းရှိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၅၅၅ ဦး၊ ဖြေဆိုကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၂၇ ဦး၊ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၈ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော် ဦးဆောင်ကာ ဆရာကြီး၊ ဆရာမကြီးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင် (ချမ်း/စံ)