ကာလိ ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းတို့ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသော ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေက ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ဖေမြင့် ရေးသားသော ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်မှ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း၊ စာဖတ်သမား ရုဇဗဲ့ကိုလည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦးစိုင်းငွေလေးက မဟတ္တမဂန္ဓီကို ပြောင်းလဲစေခဲ့သော စာအုပ်များကိုလည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးရဲမင်းဟိန်းက ဘီလ်ဂိတ်(စ)ညွှန်းသောစာအုပ်များ၊ ဦးကိုရဲက ခေတ်အဆက်ဆက်ကမ္ဘာကို လွှမ်းမိုးသောစာအုပ်များကိုလည်ကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ထင်မြင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။
ကာလိ(ပြန်/ဆက်)