မဟာအောင်မြေ ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေခရိုင် (၄) မြို့နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ဝန်ထမ်းများက (၃၁)နှစ်မြောက် ဝန်ကြီးဌာန နှစ်ပတ်လည်အထမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက မန္တလာသီရိဘောလုံးကွင်း၌ ကျင်းပသည်။
အဆိုပါ (၄)မြို့နယ်တွင်ပါဝင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများက လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးဖူဆယ်ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကျင်းပပေးခဲ့ရာ ဆုရသည့် မြို့နယ်များအား တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှူး ဦးစိုးလွင်၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်နှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့်ငွေသားများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း