နောင်ချို ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ မျက်ချီးနုကျေးရွာအုပ်စု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကို ဇွန်လ ၁၄ ရက် နံနက် ၉ နာရီအချိန်က မျက်ချီးနုကျေးရွာဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ဝင်းမင်းလတ်က ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသဖွံ့ရေးလုပ်ငန်းများ ဆွေးနွေးပြောကြားခဲ့သည်။ ၎င်းနောက် မျက်ချီးနုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအလိုက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကိုဝင်းနှင့် ဝန်ထမ်းများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်