ပြည်ကြီးတံခွန်မြို့နယ် (၁၈)ရပ်ကွက်၌ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ငါးဦး ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကျင်းပ

ပြည်ကြီးတံခွန် ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ‌(၁၈)ရပ်ကွက်၌ ယနေ့ နံနက် ၉ နာရီက စတင်၍ တစ်ပြိုင်နက်တည်း ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ငါးဦး ရွေးချယ်တင်မြောက်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ကြီးတံခွန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိ ဌာနဆိုင်ရာများက ယင်း (၁၈) ရပ်ကွက်၌ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန်အတွက် ၎င်းတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိသည့် ရပ်မိ၊ ရပ်ဖ ငါးဦးအား ကြီးကြပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်သွားရန် ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် (၁၈) ရပ်ကွက်နေ ပြည်သူများက သဘောဆန္ဒဖြင့် (၁၈) ရပ်ကွက်ရှိ ကြီးကြပ်ရေးအဖွဲ့ ငါးဦးအား ရွေးချယ်တင်မြောက်‌ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)