ဒဂုံအရှေ့ ဇွန် ၁၄
မိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ယနေ့နံနက် ၇ နာရီအချိန်က ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၏ ကြီးကြပ်မှုဖြင့် ရေစီးရေလာ၊ မြို့နယ်တာဝန်ခံ ဦးသန်းလှိုင်ဌေးက CAT အမျိုးအစား ၆.၅ တန် စက်ယန္တရားဖြင့် အမှတ်(၁၃၃)ရပ်ကွက်၊ နဝဒေးလမ်းတလျှောက်ရှိ ရေမြောင်းများမှ အမှိုက်များ၊ နုံးမြေများ ဆယ်ယူခြင်း၊ လူသွားလမ်းမှရေမြောင်းအတွင်းသို့ ရေစီးသော ရေဆင်းမြောင်းများမှ မြောင်းချေးများ၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးမှ လူ၊ စက်ယန္တရားတို့ဖြင့် နေ့စဉ် သတ်မှတ်နေရာများအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ