ကျောက်ဆည် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၃၁)ခု ဆောင်ရွက်နိုင်ရန် အတွက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက ပြောပြသည်။
အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ထန်းဇင်တော်ကျေးရွာနှင့်ငယ်တိုးကျေးရွာမြောင်းဘောင်လမ်း ဂျင်းခင်း ခြင်း လုပ်ငန်း၊ အရှေ့ငါးဆူကျေးရွာ၊ ဖျောက်ဆိပ်ပင်ကျေးရွာ၊ သင်တောင်း၊ ချောင်းဆုံ၊ မြင်စိုင်း ရပ်ကွက်၊ ပေါင်လောင်၊ ရဲကြီး၊ ပေါင်လောင်ကြီး၊ ပုထိုးတိုင်၊ ရေပြစ်၊ သင်ပျို၊ အင်ရောင်း ကျေးရွာများ တွင် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၊ ဟံမြင့်မိုရ် ကျေးရွာ၊ ထားဝယ်ကျေးရွာ၊ နတ်ရင်းကုန်းကျေးရွာ၊ အနောက်ရွာတော်ကျေးရွာ၊ ကတဲကျေးရွာ၊ ကြက်ဆင်ကျေးရွာ၊ ညောင်ရွေကျေးရွာနှင့် စပါယ်တော ကျေးရွာ များတွင်ဂျင်းကျောက်မြေ ခင်းခြင်းလုပ်ငန်းများ၊ ကတဲကျေးရွာတွင် မြောင်းကူးတံတား တည်ဆောက်ခြင်း၊ ရွာပုလဲကျေးရွာ၊ သံချပ်ကုန်းကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ကလိုင်ကျော် ကျေးရွာ များတွင်(၄၀၀)ဗို့လျှပ် မီးကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းများ၊ သူငယ်တော်ကျေးရွာတွင် ထရံစဖော်မာ အသစ် တပ်ဆင်ခြင်းလုပ်ငန်း၊ အရှေ့ ငယ်တိုးကျေးရွာ အများသုံးရေကန်အား ကျောက်စီခြင်းလုပ်ငန်း၊ မြို့ပေါ်ရပ်ကွက်များရှိ ရေနုတ်မြောင်းများအား ကွန်ကရစ်အဖုံး ပြုလုပ်ခြင်း၊ မင်းရပ် ရပ်ကွက်တွင် အများသုံးသောက်သုံးရေကန် အသစ် ပြုလုပ်ခြင်း နှင့် အုန်ကြောကျေးရွာ(အ.မ.က) ကျောင်း ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများ ပြီးစီးသွားပါက ဒေသတွင်းကုန်စည်စီးဆင်းမှုများနှင့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပိုမိုကောင်းမွန်သွားမည်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများ သတ်မှတ်ချိန် ပြီးစီးရေး အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ ရပ်မိ/ရပ်ဖများ ပညာရှင်များ ပူးပေါင်းပြီး လုပ်ငန်းကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
သက်မောင် (ကျောက်ဆည်)