မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မိုလုံလေလုံအားကစားရုံ ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇွန် ၁၄

မွန်ပြည်နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ မွန်ပြည်နယ် မိုးလုံလေလုံအားကစားရုံနှင့် အာကစားဥယျာဉ်တို့အား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်အကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောက်ရွက်ချက်များနှင့်ပက်သက်၍ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က  အားကစားရုံအား ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေးအတွက် စံလုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အားကစားသမားများနှင့် ပရိသတ်များဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ လူငယ်များကျန်းမာကြံ့ခိုင်ပြီး အားကစားထူးချွန်သူတွေဖြစ်လာစေရန်အတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်းမှာကြားပြီး ထောာက်ပံ့‌ငွေများ ပေးအပ်ခဲ့သည်။

ယင်း‌နောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားဥယျာဉ်စီမံကိန်း အချောထည်လုပ်ငန်းတွင်ပါဝင်သော အားကစားခန်းမ လျှာထိုးကြမ်းခင်းခြင်းလုပ်ငန်း၊ VIP ပွဲကြည့်စင်ထိုင်ခုံတပ်ဆင်ခြင်းလုပ်ငန်းနှင့် LED Score Board တပ်ဆင်ခြင်းလုပ်ငန်း၊ အားကစားရုံ ကားပတ်လမ်း၊ အားကစားသမားတည်းခိုဆောင်၊ ဝန်ထမ်းအိမ်ရာများတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ပြန်/ဆက်